Rice Cooker

Rice Cooker

1. Rice Cooker ကချက်နေရင်းထမင်း၀ေကျတယ်
Rice Cooker မှ ထမင်းရည်၀ေကျခြင်းမဖြစ်ပေါ်စေရန် ချက်မည့်ဆန်အားရေစင်ကြယ်အောင်ဆေးကြောရမည်၊ ရေနှင့်ဆန် ကြည်လင်စွာ ရှိနေရမည်၊ ရေနှင့်ဆန်အား ပေါင်းအိုအတွင်းအိုးတွင် ဖော်ပြပါ အချိုးအစားအတိုင်း မှန်ကန်စွာထည့်ရမည်

2. Rice Cooker ကချက်ပြီးရင် ထမင်းအမာအပျော့မမှန်တာမျိုးဖြစ်တယ်
ထမင်းချက်ပြီးတဲ့ အခါ ထမင်းအမာအပျော့မမှန်တာမျိုးက များသောအားဖြင့် ထည့်၀င်တဲ့ဆန်အမျိုးအစားနဲ့ ရေပမာဏအချိုးအစားမညီမျှမှုတို့ကြောင့်ဖြစ်နိုင်ပါမည်

3. Rice Cooker ကထမင်းချက်ပြီးရင် အောက်ခြေကထမင်းတူးတယ်
Rice Cooker ချက်ပြီးရင် အောက်ခြေထမင်းတူးနေခြင်း၊ ထမင်းအကျက်မညီခြင်းသည် (တခြမ်းကမာ တခြမ်းကပျော့) ဖြစ်ခြင်းသည်၊ 1)ပေါင်းအိုး Pan အောက်ခြေမျက်နှာပြင် ညီညာမှုမရှိခြင်း၊ 2)ပေါင်းအိုးPan အားအပူပေးသော Heater Unit မျက်နှာပြင် ညီညာမှုမရှိခြင်း၊ ဖောင်းကားနေခြင်း၊ 3) Heater Unit အလယ်တွင်ပါရှိသော ထမင်းကျက်ခြင်း၊ မကျက်ခြင်းအား အာရုံခံပေးသော Thermostat ကောင်းစွာအလုပ်မလုပ်ခြင်း၊ 4)Rice Cooker အတွင်းတွင်ပါ၀င်သော ထမင်းချက်ခြင်းအား on/off လုပ်ဆောင်ပေးသော micro switch ပျက်စီးခြင်းကြောင့်သာဖြစ်ပါသည် (Heater Unit နှင့် Thermostat ပေါ်တွင် အရာ၀တ္ထုများ တင်ကျန်ကပ်ငြိနေခြင်းကြောင့် အဖြစ်များပါသည်၊ မိမိဘာသာလွယ်ကူစွာ သန့်ရှင်းရေးပြုလုပ်နိုင်ပါသည်)

4. Rice Cooker ကခလုတ်တက်ရမယ့်အချိန်မှာ ခလုတ်မတက်ဘူးဖြစ်နေတယ်
Rice Cooker ကခလုတ်တက်ရမယ့်အချိန်/ထမင်းကျက်ရသည့်အချိန်မှာ ခလုတ်မတက်ခြင်းသည် 1) ထမင်းကျက်မကျက်ကိုအာရုံခံပေးသော Thermostat ကောင်းစွာအလုပ်မလုပ်ခြင်း၊ Thermostat နှင့် heater unit မျက်နှာပြင်ပေါ်တွင် ညစ်ပေနေခြင်း/ပျက်စီးနေခြင်းများ၊ Power on/off လုပ်ဆောင်ပေးသော Micro Switch ပျက်စီးနေခြင်း၊ အချိန်ကြာမြင့်စွာသုံးစွဲလာခြင်းတို့ကြောင့် Alignment မမှန်တော့၍ ခလုတ်မတက်နိုင်ခြင်း များကြောင့်ဖြစ်နိုင်ပါသည်

5. Rice Cooker က 1နာရီ ထားတာထမင်းမကျက်သေးဘူး၊ Function မှားတာလား
Digital Rice Cooker များတွင် White Rice / Quick Cook / Brown Rice / Sticky Rice / Porride / Cake / Slow Cook / Steam စသည့် Functions များပါ၀င်ပါသည်၊ White Rice Function သည် ချက်ပြုတ်ချိန် 49 မိနစ်မှ 1နာရီအတွင်း ကြာမြင့်နိုင်ပါသည်၊ Quick Cook Function သည် ချက်ပြုတ်ချိန် 25 မိနစ်မှ 30 မိနစ်ခန့်အတွင်း ကြာမြင့်နိုင်ပါသည်၊ Brown Rice Function သည် ချက်ပြုတ်ချိန် 49 မိနစ်မှ 1နာရီ အတွင်း ကြာမြင့်နိုင်ပါသည်၊ Porrid function သည် ချက်ပြုတ်ချိန် 49min မှ 1hr အတွင်း ကြာမြင့်နိုင်ပါသည်၊ Cake Function တွင် 20min မှ 65min ခန့်အတွင်း minute ခလုတ်အားနှိပ်၍ လိုသလို ချိန်ညှိနိုင်သည်၊ Slow Cook function တွင် 1နာရီမှ 12နာရီခန့်အတွင်း မိနစ်ခလုတ်အားနှိပ်၍ လိုသလိုချိန်ညှိနိုင်သည်၊ Steam Function တွင် 1မိနစ်မှ 60မိနစ်ခန့်အတွင်း မိနစ်ခလုတ်အားနှိပ်၍ လိုသလိုချိန်ညှိအသုံးပြုနိုင်သည်၊ (Pan နှင့် Heater Plate ကြားထိကပ်မှုမရှိဘဲ တခုခုကြောင့်ကွာဟနေပါက ထမင်းကျက်မည်မဟုတ်ဘဲ Warm သို့ပြောင်းလဲပြသနေတတ်သည်၊ မှတ်ချက် 1) Li Battery ပါ၀င်သော (Time Hour အချိန်နာရီဖော်ပြသော Model များသည် နောက်ဆုံးသုံးခဲ့သော Function တွင်သာ Default ဖြစ်နေပါမည်၊ သို့ပါ၍ မိမိအသုံးပြုလိုသော Function ဟုတ်မဟုတ်စစ်ဆေးပြီးမှသာ Start ခလုတ်အားနှိပ်ပြီး အသုံးပြုသင့်ပါသည်၊ မှတ်ချက် 2) ချက်ပြုတ်ချိန် process မှန်ကန်မှုရှိစေရန် Heater Unit, Thermostat, Steam Vent, Pan Packing Holder များ သန့်ရှင်းမှုရှိစေရန်အထူးလိုအပ်သည်၊ (မိမိဘာသာလွယ်ကူစွာ သန့်ရှင်းရေးလုပ်နိုင်ပါသည်)