This website <https://www.panasonic.com/mm> ("Site Page") is developed and owned by Panasonic Asia Pacific Pte. Ltd (Myanmar Branch). and its affiliates (“Panasonic”, “us”). By accessing the Site Page, you agree to be bound by these Terms and Conditions of Use, the Privacy Statement, and any other terms and legal notices on the Site Page. ok
အလိုရှိသည်များ စာရင်း (Wish List) အတွင်းထည့်သွင်းရန် အများဆုံးသတ်မှတ်ထားသော ထုတ်ကုန်ပစ္စည်း အရေအတွက်သို့ ရောက်ရှိသွားပြီဖြစ်သည်
အထူးပြုလုပ်ထားသော ဒီဇိုင်းပုံစံသစ်တွင် သတ္တုအများအပြားဖြင့် နောက်ခံထားသည့် ဖန်သား၏ လှပသော ထွင်းဖောက်မြင်နိုင်မှုကို ပုံဖော်ထားပါသည်။
ခိုင်ခံ့မှုရှိပြီး ပွန်းရာစင်းရာ ခံနိုင်သော၊ အချိုးအဆကျနအောင်ပြုလုပ်ထားသည့် ဖန်သားပြင်ကြောင့် ကြည့်ကောင်းလှပါသည်။ သန့်ရှင်းရန်လည်း အလွန်လွယ်ကူပါသည်။
ရေခဲသေတ္တာ ဒီဇိုင်းပုံစံတွင် နောက်ဆုံးပေါ်ပုံစံကို နှစ်သက်စွာ အသုံးပြုလိုက်ပါ။ တံခါးများစွာပါ၍ ကျက်သရေရှိပြီး ခမ်းနားလှသော ဖန်သားအပြည့်ဖြင့် ပြုလုပ်ထားသောပုံစံသည် သင်၏ လူနေမှုဘဝပုံစံကို အမြင့်ဆုံး ထင်ဟပ်ပြသနေပါသည်။
ECONAVI ရေခဲသေတ္တာသည် တံခါးဖွင့်သည့်အခါတိုင်းတွင် အခန်းအပူချိန်ကို စောင့်ကြည့်စစ်ဆေးပြီး သိုလှောင်မှု အာရုံခံစနစ်အသစ်သည် သိုလှောင်သော အစားအစာ ပမာဏကို စစ်ဆေးစဉ်တွင် ရေခဲသေတ္တာ၏ အတွင်းပိုင်း အပူချိန်ကို စောင့်ကြည့်စစ်ဆေးပါသည်။ ECONAVI သည် အအေးဓာတ်ကိုအကောင်းဆုံး ထိန်းသိမ်းပြီး စွမ်းအင်ဖြုန်းတီးခြင်းမှ ရှောင်ကြဉ်ရန် ထိုအချက်ကို ပိုင်းခြား စိစစ်ပြီး တုံ့ပြန်မှုပြုလုပ်ပါသည်။
1.၁။ သိုလှောင်မှု Sensor
2.၂။ အလင်း Sensor
3.၃။ အခန်း အပူချိန် sensor
4.၄။ တံခါး Sensor
5.၅။ အတွင်းပိုင်း အပူချိန် Sensor
အလင်းနှင့် သိုလှောင်မှု အာရုံခံစနစ်ကို အသုံးပြု၍ ရေခဲသေတ္တာသည် သိုလှောင်သည့် အစားအစာပမာဏ ပြောင်းလဲမှုများကို အာရုံခံပြီး အအေးပေးရမည့် စွမ်းအားကို တိုးမြှင့်ရန် လိုအပ် မလိုအပ်ကို ဆုံးဖြတ်ပါသည်။
ယခင်ကဆိုလျှင်၊ အစားအစာပမာဏ အနည်းငယ်ထပ်ထည့်လျှင်ပင် ECONAVI ၏ လုပ်ငန်းဆောင်ရွက်ချက်ကို ပယ်ဖျက်ပါသည်။ Storage Eco အသစ်နှင့်အတူ ECONAVI သည် ထပ်ထည့်သည့် အစားအစာပမာဏ နည်းသည့်အခါ ဆက်လက် လုပ်ဆောင်သည့်အတွက် ယင်းက စွမ်းအင်ကို အလွန်ချွေတာစေပါသည်။
microprocessor- စွမ်းဆောင်ရည်မြင့်မားသော အာရုံခံစနစ်
ကွန်ပျူတာငယ်တစ်ခုသည် ရေခဲသေတ္တာအတွင်းမှ အပူချိန်ကို ကျွမ်းကျင်စွာ ရှာဖွေစစ်ဆေးပါသည်။ တံခါးအဖွင့်၊ အပိတ်လုပ်ခြင်း သို့မဟုတ် သိုလှောင်သော အစားအစာပမာဏအရ အပူချိန် ပြောင်းလဲသည့်အခါတိုင်းတွင် ထိုအချက်ကို Compressorသို့ ထုံးစံအတိုင်း ပို့လွှတ် ပါသည်။
compressor- စွမ်းဆောင်ရည်မြင့်မားသော ထိန်းညှိစနစ်
compressorသည် အခြေအနေနှင့် သင့်လျော်ကိုက်ညီအောင် လှည့်သည့် အမြန်နှုန်းကို ချိန်ညှိပါသည်။
ရလဒ်မှာ ရေခဲသေတ္တာအတွင်းတွင် အပူချိန်မပြောင်းလဲအောင် ထိန်းသိမ်းရန်အတွက် ပိုမို ထိရောက်မှုရှိသော၊ အားကောင်းသော အအေးဓာတ်ကို ထုတ်ပေးခြင်း ဖြစ်ပါသည်။
တံခါး ၆ ခုပါဒီဇိုင်းပုံစံကြောင့် အစားအစာ အမျိုးအစားတိုင်းကို အကောင်းဆုံးသော အခြေအနေများအောက်တွင် သိုလှောင်နိုင်ပါသည်။
1. ရေခဲသေတ္တာအကန့် (ခန့်မှန်းခြေ ˚C)
2. ခန့်မှန်းခြေ -၃°C ဖြင့် လတ်ဆတ်မှုပေး အအေးပေးစနစ်/ အအေးပေးထားသော ရွေးချယ် အကန့် (ခန့်မှန်းခြေ -၃~၂˚C)
3. ရေခဲ အကန့် (ခန့်မှန်းခြေ -၂၀~၁၈˚C)
4. လတ်ဆတ်မှုပေး အအေးခန်းအကန့် (ခန့်မှန်းခြေ ၁၉~-၁၇˚C)
5. ရေခဲစက် အကန့် (ခန့်မှန်းခြေ.-၂၀~-၁၈˚C)
6. ဟင်းသီးဟင်းရွက်ထည့်ရန် အကန့် (ခန့်မှန်းခြေ ၃~၈˚˚C)
*အပူချိန်သည် ရေခဲသေတ္တာကို အသုံးပြုပုံ အပေါ်မူတည်ပြီး အနည်းငယ်ကွာခြားမှုရှိပါမည်။
ဤကြီးမားကောင်းမွန်သော အကန့်တွင် ပိုမိုအဆင်ပြေပြေ အသုံးပြုနိုင်ရန်အတွက် တံခါးအကန့်စွာ ပါရှိပါသည်။ သင့် ရေခဲသေတ္တာကို သပ်ရပ်ပြီး စုစုစည်းစည်းဖြစ်အောင် ထိန်းသိမ်းရန်လွယ်ကူပါသည်။
သာမန် ရေခဲသေတ္တာသည် အစားအစာများကို ခန့်မှန်းခြေ -၁၈°C မှ -၂၀°C အထိ အအေးပေးစဉ်တွင် Prime Fresh သည် ၎င်းတို့ကို ခန့်မှန်းခြေ -၃°C အထိ အအေးပေးပါသည်။ အစားအစာများကို အအေးဓာတ် အနည်းငယ်သာ ပေးထားသည့်အတွက် ၎င်းတို့သည် မည်သည့်အခါမျှ မာတောင့်မသွားပါ။ ဤနည်းဖြင့် အေးခဲထားသော ပစ္စည်းများသည် ကုန်ကြမ်းပစ္စည်းများဖြစ်သည့်တိုင် အာဟာရဓာတ်များ၊ အနံ့အရသာနှင့် ပုံစံတို့ကို မပျောက်ပျက်စေဘဲ အကောင်းဆုံးသော အနေအထားတွင် ရှိနေပါသည်။ အေးခဲထားသော အစားအစာများကို ချက်ချင်းလှီးဖြတ် ချက်ပြုတ်ရန် လွယ်ကူသည့်အတွက် ၎င်းတို့ကို မပြင်ဆင်မီ နည်းနည်းစီ အရည်ပျော်အောင် လုပ်ဆောင်ရန် မလိုအပ်ပါ။
*ဝယ်ယူသည့် အချိန်တွင် ရေခဲသေတ္တာသည် Chilled အနေအထားတွင် ရှိနေပါမည်။
Prime Fresh ကို အသုံးပြုရန်၊ Setting ကို ပြောင်းပါ။
ဤအကန့်တွင် ပစ္စည်းအမြောက်အများကိုလည်း သိမ်းထားနိုင်ပါသည်။
လေးထောင့်ကျကျ ပြားနေသော ဘေးဘက်အခြမ်းများကြောင့် အေးခဲထားသော အစားအစာပုံးများကို ထည့်ရန်လွယ်ကူစေပါသည်။
ဝယ်ယူပြီး နှစ်သက်စွာ သုံးစွဲကြည့်လိုက်ပါ။
1- ရှည်သော ပစ္စည်းများထည့်သည့် အကန့်သည် ၂ လီတာပုလင်းများကဲ့သို့ ရှည်သော သို့မဟုတ် ကြီးမားသော ပစ္စည်းများကို ထည့်နိုင်သည်အထိ ကျယ်ပါသည်။
2- သေးငယ်သော ပစ္စည်းများအေးခဲသည့် အကန့်သည် ရေခဲမုန့်ခွက်လေးများ၊ အေးခဲထားသော ဟင်းခွက်ငယ်များနှင့် အခြားအရာငယ်လေးများစွာအတွက် အကောင်းဆုံးဖြစ်ပါသည်။
ကြီးမားသော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များသည် အခက်အခဲမရှိ ဝင်ဆန့်ပြီး ၂ လီတာ ပုလင်းများကို ထောင်ထည့်နိုင်ပါသည်။ ထို့ပြင် ပစ္စည်းများကို တန်းများတလျှောက် ဆွဲထုတ်ရသောကြောင့် အနောက်မှ ပစ္စည်းများကို ထုတ်ယူသုံးစွဲရန်လည်းလွယ်ကူပါသည်။ စနေ တနင်္ဂနွေများတွင် အရေအတွက်များများဝယ်ယူ၍ အချိန်ကို ချွေတာနိုင်ပါသည်။ သင်ဘာဝယ်ခဲ့သည်ဆိုတာကို မည်သည့်အခါမှ မမေ့ပါနှင့်။
အလွန်အေးသော -၃၂°C လေကို တဟုန်ထိုး ထုတ်ပေးမှုကြောင့် ပစ္စည်းများကို လျင်မြန်စွာအေးခဲစေပါသည်။ ပူနေသည့်အစားအစာကို ထည့်သည့်တိုင် လတ်ဆတ်စွာ ချက်ပြုတ်ထားသည့် အစားအစာများသည် ဘေးမှ အစားအစာများအပေါ် မည်သည့် သက်ရောက်မှုမျှ မရှိစေပါ။
အစားအစာများကို အေးသွားရန် စောင့်စားရခြင်းမရှိဘဲ အချိန်မရွေး ထည့်နိုင်သည်။
အမြန်အအေးပေးသည့် စနစ်ကို ကျေးဇူးတင်ရပါမည်။ အစားအစာများထဲရှိ ဆဲလ်များသည် ပျက်စီးမှုမရှိသောကြောင့် အနံ့၊ အရသာများနှင့် အာဟာရဓာတ်များကိုလည်း မခြွင်းမချန် ထိန်းသိမ်းထားနိုင်ပါသည်။ ပစ္စည်းတစ်ခုကို အရည်ပျော်စေသောအခါ ကွဲပြားခြားနားချက်သည် ထင်ရှားလာပါသည်။ အရည်များ တစက်စက်ကျခြင်းနှင့် အရောင်ပြောင်းခြင်းတို့သည်လည်း ဖြစ်ခဲပါသည်။
* ဝန်းကျင်အပူချိန်သည် ၂၀°C ဖြစ်သောအခါ၊ -၃၂°C ရှိ အနည်းဆုံးအပူချိန်၌ လေအေး ထွက်ရှိပါသည်။
* လတ်ဆတ်မှုပေး အအေးဓာတ် ခလုတ်ကို နှိပ်သော အခါ။
ရေခဲဗန်းထဲကိုရေဖြည့်ပြီး ၈၀ မိနစ်ပင် မကြာသော အချိန်အတွင်း ရေကိုခဲစေပီး အဆင်သင့်အသုံးပြုနိုင်ရန် သိုလှောင်ပေးပါသည်။ မိတ်ဆွေပေါင်းသင်းများ အလည်လာသည့် ပူပြင်းသော နေ့ရက်များအတွက် ပိုမိုအဆင်ပြေစေပါသည်။ ရေခဲဗန်းကို လွယ်ကူစွာဆေးကြောနိုင်သည့်အတွက် ကျန်းမာရေးအတွက်လည်း ညီညွတ်စေပါသည်။
* ရေအမြန်ခဲစေသော Mode။
* အကန့်တစ်ခုချင်းစီတွင် ပတ်ဝန်းကျင် အပူချိန် ၂၀°C ကို “၂” သို့ သတ်မှတ်ပါသည်- တံခါးများကို ဖွင့်မထားပါ သို့မဟုတ် ပိတ်မထားပါ။ တံခါးများကို ဖွင့်မထား သို့မဟုတ် ပိတ်မထားပါ။
အားကောင်းသော ပိုးမွှားသန့်စင်သည့် ဂုဏ်သတ္တိများပါသော ငွေရည်အုပ် ရေစစ်ကို တပ်ဆင်ထားကာ အပြာရောင် LED မီးက ရေစစ်၏ ထိရောက်မှုကို မြှင့်တင်ပေးပါသည်။ ထိုနည်းပညာများသည် လေမှပေါက်ဖွားသော ပိုးမွှားများအား အသက်ရှင်သန်နိုင်မှုနှုန်း ၀.၀၀၀၁% သို့ ရောက်ရှိအောင် ဖယ်ရှားပေးပါသည်။*
၎င်းကို ပြင်ပ အဖွဲ့အစည်းမှ ထောက်ခံ အတည်ပြုပြီး အသိအမှတ်ပြုလက်မှတ်ရရှိထားသည်။
SLG (Suedsachsen Wasser GmbH) မှ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးထားသည်၊ ပြင်ပ ဂျာမန် စမ်းသပ်စစ်ဆေးရန် လုပ်ပိုင်ခွင့်ရှိသည့် တီထွင်သူဖြစ်ကြောင်းသက်သေအထောက်အထား ၂၃ ခုကို အသုံးပြုပါသည်။ (ex. လျှောက်ထားမှုနံပါတ် ၂၀၀၇-၁၁၈၆၉၂)
Suedsachsen Wasser GmbH ၊ ဂျာမနီနိုင်ငံ၊ စမ်းသပ်စစ်ဆေးသည့်နည်းဖြင့် စမ်းသပ်ထားပါသည်- ISO ၂၂၁၉၆- ၂၀၀၇
သာမန် လုပ်ငန်း လုပ်ဆောင်ချက်အတွင်း၊ ရေခဲသေတ္တာသည် Ag Clean လုပ်ဆောင်ချက်ကို အသုံးပြုပါသည်။ အစားအစာအများအပြားကို သိုလှောင်သောအခါ၊ ရေခဲသေတ္တာသည် ပိုးမွှားများကို လျင်မြန်စွာ ဖယ်ရှားပေးသည့် Hygiene Active system (ကျန်းမာရေးနှင့် ညီညွတ်သော လုပ်ဆောင်ချက်စနစ်) သို့ ပြောင်းပါသည်။ ထိုုလုပ်ဆောင်ချက်နှစ်ခုကို ပေါင်းစည်းထားသည့်အတွက် ရေခဲသေတ္တာအတွင်းပိုင်းကို ကျန်းမာရေးနှင့် ညီညွတ်စေရန် ထိန်းသိမ်းပေးပါသည်။
Panasonic ရေခဲသေတ္တာများသည် ဂျပန်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုဆိုင်ရာ အနှစ်သာရကို ပုံဖော်ထားပါသည်။
၁၉၅၃ ကစ၍ Panasonic ၏ ရေခဲသေတ္တာအလုံးရေပေါင်း သန်း၈၀ကို ဂျပန်နိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် ရောင်းချခဲ့ပါသည်။ ကျွနု်ပ်တို့၏ ဖောက်သည်များအတွက် ကြာရှည်ခံ၍ နှစ်လိုဖွယ်ကောင်းသော ပံ့ပိုးပေးမှုဖြစ်ကြောင်း သေချာစေရန်၊ ကျွနု်ပ်တို့သည် ဤမျှ ရှည်လျားလှသော သမိုင်းတလျှောက်တွင် အသုံးပြုရလွယ်ကူမှုနှင့် အရည်အသွေးမြင့်မားမှုတို့ မပြောင်းမလဲ တည်ရှိနေစေရန် အစဉ်တစိုက် အားထုတ်ဆောင်ရွက်နေပါသည်။
ကျွနု်ပ်တို့၏ ရည်မှန်းချက်မှာ အသုံးပြုရလွယ်ကူ၍ ပိုမိုခိုင်ခံ့သော၊ ကြာရှည်ခံပြီး စိတ်ချစွာ အသုံးပြုနိုင်မည့် ရေခဲသေတ္တာများကို ဖြည့်ဆည်းထောက်ပံ့ပေးရန် ဖြစ်ပါသည်။
ထိုပန်းတိုင်ဆီသို့ရောက်ရှိရန် ၆ ရာစုကျော် ကျွနု်ပ်တို့ ပြုစုပျိုးထောင်ထားသော နည်းပညာများအား အရည်အသွေး စမ်းသပ်စစ်ဆေးခြင်းတွင် ကျွန်ုပ်တို့သည် မပြောင်းလဲသည့် ဆန္ဒတစ်စုံဖြင့် အားထုတ်ဆောင်ရွက်နေပါသည်။
This website <https://www.panasonic.com/mm> ("Site Page") is developed and owned by Panasonic Asia Pacific Pte. Ltd (Myanmar Branch). and its affiliates (“Panasonic”, “us”). By accessing the Site Page, you agree to be bound by these Terms and Conditions of Use, the Privacy Statement, and any other terms and legal notices on the Site Page. ok